၀က်ခြံအမျိုးအစားဘယ်နှမျိုးရှိလဲ ?

. အဆီဖု ဝက်ခြံ ရှင်းတမ်း >> ✌ အဆီဖုလို့သာခြုံပြောကြပေမယ့် တကယ်တမ်း အဆီဖုအမျိုးအစားက များပါတယ်။ 🌞တော်တော်များများမှာရှိကြတဲ့ အဆီဖုဆိုတာ ဆားဝက်ခြံအဆီဖု အဖြူပါ။ Closed comedones အမျိုးအစားထဲကဖြစ်ပြီး အဆီတွေ အရေပြားအောက်ကနေ အပေါ်တက်မလာနိုင်ပဲ ပိတ်မိနေတဲ့ သဘောပါပဲ။ milia လည်း Closed comedones ပါ။ >> ဆားဝက်ခြံအဆီဖုအမဲ ဆိုရင်တော့ သိကြတဲ့အတိုင်း ဆားဝက်ခြံ Blackhead ပါ။ သူက Open comedones အမျိုးအစား ဖြစ်ပါတယ်။ >> မျက်ခွံအောက်မှာ ပေါက်တတ်တဲ့ အဆီဖု ညှစ်မရ ပျောက်ဖို့ခက်တဲ့ကောင်ကကျ Milia လို့ခေါ်တယ်။ (မြန်မာလိုမသိ)သူက ဆေးခန်းေတွမှာ ခွဲထုတ်တာဖြစ်ဖြစ် Retinol နဲ့လချီပြီး ကုတာဖြစ်ဖြစ် အဲ့လိုလုပ်မှပျောက်တယ်။ ဆေးခန်းပြတာအကောင်းဆုံးပါ။ >> နောက်တစ်မျိုးကကျ အဆီဖုတော့ အဆီဖုလိုမျိုးပဲ ဒါပေမယ့် ယားတယ် စပ်တယ် အပြုံလိုက်ပေါက်နေတယ် ဆိုရင် ကျိန်းသေပါတယ် fungal acne ပါ။ ( ယားစပ် အပြုံလိုက်ပေါက် တော်ရုံမပျောက်) ဈေးကွက်ထဲက product 95% လောက် သုံးလို့မရပါ။ ဒါနဲ့ပတ်သက်ပြီး သေချာပြန်ရေးပေးပါမယ်နော်။ လောလောဆယ် နဂိုရေးထားတဲ့ အကြမ်းဖျင်းလေး ဖတ်ကြည့်ပါ။ >> အနီရောင်အဖုေသးေသး...